မောင်းတော ။ ။ ယနေ့နံနက် ၈ နာရီတွင် နယ်စပ်ဒေသ ကွပ်ကွဲရေးရုံး နယ်မြေ (၆)
မှမောင်းတောမြို့ ၊ ကျောက်လှေကားရွာ (ဒါဂဖာရာ) အုပ်ချုပ်ရေးမှူးသို့
မိသားစု (၂၈) စုအားနယ်မြေ (၆) ရုံးသို့လာရောက်၍
ကွန်ပျူတာဖြင့်ပြုလုပ်ထားသော စာရင်းများတွင်
ထည့်သွင်းရန်ခေါ်ဆိုခဲ့ကြောင်းသိ ရသည်။
အဆိုပါ ကွန်ပျူတာဖြင့်ပြုလုပ်သော စာရင်းတွင် နစက အရာရှိများမှ ၎င်းတို့၏ သဘောဆန္ဒအတိုင်းရေး သွင်းပြီး နောက်ဆုံးတွင် ကာယံကံရှင်အားလက်ဗွေယူခြင်းများ ပြုလုပ်ပြီး၊
ဓါတ်ပုံ (၃) ပုံရိုက်၍ မှတ်တမ်း တင်နေ ခြင်းကြောင့် ရွာသူရွာသားများမှ
သွားရောက်၍ စာရင်းပေးသွင်းရန် မသွားခဲ့ကြပေ။ ကွန်ပျူတာ တွင်ရေးသွင်း ထားသော
မှတ်တမ်းများကို လက်ဗွေ မနှိပ်မှီတောင်းခံ၍ ကြည့်ခွင့် မရှိသောကြောင့်
လူမျိုးနေရာတွင်ဘင်္ဂလီဟုရေးသား၍လ က်ဗွေယူရန်နည်းလမ်းတစ်ခုသာဖန်တီးထားခြင်းဖြစ်
ကြောင်း ဒေသခံ တစ်ဦးမှပြောသည်။ ထိုကဲ့သို့အစိုးရ၏ ကလိမ်ဥာဏ်ကို နားမလည်သော
အမျိုးသမီး (၅) ဦးသာယနေ့ သွားရောက်၍ စာရင်းသွင်း
ခဲ့ကြောင်းသတင်းရရှိပါသည်။
ရွာသူရွာသား ရိုဟင်ဂျာမွတ်စလင်များသည် နယ်မြေ (၆) ရုံးသို့ မသွားသောကြောင့် နစကကိုယ်စားလှယ် အဖွဲ့သည် ကျောက်လှေကားရွာသို့လိုက်လာပြီး အိမ်ထောင်စုစာရင်းများကိုတစ်အိမ်တက်ဆင်း
တောင်းခံခဲ့ သည်။ သို့သော်လည်းအားလုံးမှ အိမ်ထောင်စုစာရင်းပေး
အပ်ရန်ငြင်းဆို ခဲ့သောကြောင့် နောက်ဆုံးတွင် နစကကိုယ်စားလှယ်အဖွဲ့သည်
ဆဲဆိုခြိမ်း ခြောက်၍ ရွာမှပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။
“အစိုးရကအကြံအဖန် လုပ်နေတာကို နားမလည်တဲ့ အမျိုးသမီး ၅ ယောက်ကလွဲလို့ကျန်တဲ့သူတွေတညီ တညွတ်တည်း မသွားကြဘူး။ နစကတွေဒေါသတကြီးနဲ့လိုက်လာတယ်။ သန်းခေါင်စာရင်းတွေတောင်း တယ်။ မပေးတော့ ဆဲဆို ကျိန်းမောင်းပြီးပြန် သွားတယ်။ ဒီနေ့စာရင်းပေးထားတဲ့သူတွေမနက်ြ ဖန် လာကို လာရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက တဆင့်အမိန့်ပေးသွားတယ်” ဟုကျောက်လှေကားရွာသားတစ်ဦး မှပြော ပါသည်။
အဆိုပါ ကွန်ပျူတာဖြင့်ပြုလုပ်သော စာရင်းတွင် နစက အရာရှိများမှ ၎င်းတို့၏ သဘောဆန္ဒအတိုင်းရေး သွင်းပြီး နောက်ဆုံးတွင် ကာယံကံရှင်အားလက်ဗွေယူခြင်းများ
ရွာသူရွာသား ရိုဟင်ဂျာမွတ်စလင်များသည် နယ်မြေ (၆) ရုံးသို့ မသွားသောကြောင့် နစကကိုယ်စားလှယ် အဖွဲ့သည် ကျောက်လှေကားရွာသို့လိုက်လာပြီး
“အစိုးရကအကြံအဖန် လုပ်နေတာကို နားမလည်တဲ့ အမျိုးသမီး ၅ ယောက်ကလွဲလို့ကျန်တဲ့သူတွေတညီ တညွတ်တည်း မသွားကြဘူး။ နစကတွေဒေါသတကြီးနဲ့လိုက်လာတယ်။ သန်းခေါင်စာရင်းတွေတောင်း တယ်။ မပေးတော့ ဆဲဆို ကျိန်းမောင်းပြီးပြန် သွားတယ်။ ဒီနေ့စာရင်းပေးထားတဲ့သူတွေမနက်ြ
No comments:
Post a Comment