ဘင်္ဂလီ အိမ်တွေနဲ့ မှားပြီး ဖျက်လိုက်တာပါ ၊ ဦးထွန်းလှိုင် (RNDP)
သတင်း – SK (နိုဝင်ဘာလ ၂၄)
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့၊ အလယ်ဈေးအုပ်စု၊ ကြက်လျှာကျွှန်းရပ်ကွက်နေ ဗ

ုဒ္ဓဘာသာဝင်
မာရမာကြီး လူမျိုးများအား ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ (RNDP)
ဝင်များက မင်းမဲ့စရိုက်ပုံစံဖြင့် (၁၂.၆.၂၀၁၂) နေ့က
ဝင်ရောက်ဖျက်ဆီးခဲ့သဖြင့် မိသားစုဝင် ၂၁ ဦးခန့် အိုးမဲ့အိမ်မဲ့ဘ၀ဖြင့်
ရန်ကုန်သို့ ထွက်ပြေး လာခဲ့ရပြီး မိသားစုတစ်စုတည်းမှ ကျပ်သိန်း ၃၅၀၀
ဖိုးခန့် ပျက်ဆီး ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။
အထက်ပါ အကြမ်းဖက်ဖြစ်ရပ်အား သမ္မတကြီးအပါအ၀င် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ် ပဋိပက္ခ အထူးစုံစမ်း စစ်ဆေးရေး ကော်မရှင်၊ ၈၈ မျိုးဆက် ကျောင်းသားများအထိ အသိပေး အကြောင်းကြားထားသော်လည်း တစုံတရာ ထူးခြားသည့် တုန့်ပြန်မှုမျိုး မရရှိသေးဟုလည်း သိရသည်။
ဤဖြစ်ရပ်အား ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်မှ စုံစမ်းသောအခါ “ဘင်္ဂလီအိမ်တွေနဲ့ မှားပြီး ဖျက်လိုက်တာ” ဟု RNDP မှ ဦးထွန်းလှိုင်က ဖြေကြားခဲ့ကြောင်းလည်း ကျပ်သိန်းထောင်ချီ ဆုံးရှုံးခဲ့ရသည့် ဦးညီညီထွေးက ပြောသည်။
ယခုကဲ့သို့ RNDP ပါတီဝင်များ၏ မင်းမဲ့စရိုက်ဆန်ဆန် အိုးအိမ်များဖျက်ဆီးမှုကို မီဒီယာများထံသို့ ယခုလ ၆ရက်နေ့က ရှင်းလင်းတင်ပြခဲ့သော်လည်း မီဒီယာ အနည်းငယ်ကသာ သတင်းအဖြစ် တင်ပြခဲ့ကြောင်း လည်း သိရသည်။
ဗုဒ္ဓဘာသာဝင် မာရမကြီးတိုင်းရင်းသား မိသားစုများအား RNDP အဖွဲ့ဝင်များက ၂၂.၆၂၀၁၂ နေ့ နေ့လည် ၂နာရီအချိန်တွင် ဒုတ်၊ ဓါး၊ လက်နက်များဖြင့် ၀င်ရောက် ဖျက်ဆီးနေစဉ် လုံခြုံရေးများက လမ်းမပေါ်တွင် ဆိုင်ကယ်များဖြင့် ဖြတ်သွားဖြတ်လာ ရှိနေသော်လည်း တစ်စုံတစ်ရာ ၀င်ရောက် တားဆီးခြင်း မရှိကြောင်းလည်း ကာယကံရှင် မိသားစုဝင်တို့၏ ပြောကြားချက်အရ သိရသည်။

No comments:
Post a Comment