၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ
အနောက်ပိုင်းရှိ ရခိုင်ဒေ အကြမ်း ဖက် လူမျိုးပြုတ်လူသတ်ခဲ့မှုတွင် အဓိက
တာဝန်ရှိသူများဟု စွပ်စွဲထားသူတို့အား- မြန်မာ့ လူ့အခွင့်အရေးကို
စောင့်ကြည့် နေသည့် ကမ္ဘာ့ခုံရုံး၌ ဒီကနေ့ တရားစွဲလိုက်ပြီ ဖြစ်ကြောင်း
သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
အဓိက တရားခံများ အဖြစ် စွပ်စွဲခံရသူများမှာ- ဦးအေးမောင် နှင့် RNDP ပါတီ၊
ရခိုင်ပြည်နယ် ရဲချုပ်၊ ပြည်ထဲ ရေးမှ တာဝန်ရှိသူများ နှင့် ရဟန်းတစ်ချို့
ပါဝင်ကြောင်း ကြားသိရသည်။ ဤအကြောင်းနှင့် ပတ်သက်၍ တရား စွဲရန်
ကြိုးပမ်းနေသော ဦးမျိုးမင်းအောင်အား မေးမြန်းကြည့်ရာ-
“လောလောဆယ် တရားလိုများဘက်က လိုက်ပေးမယ့် အဖွဲ့သုံးဖွဲ့ထဲမှာ
ကျွန်တော်တို့လည်း တစ်ဖွဲ့ပါပါတယ်။ ကျွန်တော်တို့ဘက်က- အမှုကို ရုံးပေါ်ထိ
မတင်နိုင်သေးဘူး- ဒီမှာက ရုံးပိတ်ရက်တွေနဲ့ ဖြစ်တော့ ၁၂ ပိုင်း ဆန်းလောက်မှ
တင်ဖြစ်မယ်ထင်တယ်- ကျန် ၂ ဖွဲ့ကတော့ ကျွန်တော်တို့ထက် နည်းနည်း မြန်တယ်
ထင် တယ်။” ဟု ပြောကြားပါသည်။
စွပ်စွဲခံထားရသော တရားခံများအား အမှန်တကယ် တရားခံအဖြစ် သတ်မှတ်ထားပါသလားဟု
ဦးမျိုးမင်းအောင် အား ဆက်လက်မေးမြန်းကြည့်ရာ- ဦးမျိုးမင်းအောင်မှ
“ကျွန်တော်တို့ ရှေ့နေများရဲ့ အကြံပေးချက်အရ- တရားခံများစာရင်းနဲ့
တရားစွဲတင်တဲ့ တရားရုံးများကို ပြောဘို့ အချိန်စောနေသေးတယ်။
ရှင်းရှင်းပြောရရင် ဖေါ်မပြောနိုင်ဘူး ပေါ့ဗျာ၊ ကျွန်တော်တို့ရဲ့
လုံခြုံရေးက ရှိသေး တယ် မဟုတ်လား။ နောက်တစ်ဖက်က- စောစောကြိုပြောလိုက်ရင်
တရားခံက လွတ်သွားနိုင်တယ်။ ဒီမှာ အဆင့်တွေ အများကြီး ရှိသေးတယ်၊
တရားရုံးများက အမှုကို လက်ခံ စစ်ဆေးမယ်၊ တရားလိုများဆီက သက် သေ
အထောက်အထားများ ကြားနာမယ်၊ ပြီးတော့မှ သက်ဆိုင်ရာ နိုင်ငံရှိ
မြန်မာသံရုံးမှ တစ်ဆင့် မြန်မာ အစိုးရဆီမှာ တရားခံများကို တရားရုံးကို
ပို့ပေးဘို့ တောင်းဆိုမယ်၊” အင်း ပြီးတော့- ကျွန်တော် နားလည် သလောက်
တရားစွဲမှာက ပုံစံ အမျိုးမျိုးရှိတယ်- နံပတ်တစ် လူ့အခွင့်အရေးနဲ့
ပတ်သက်ပြီး ဥပဒေ ပြဌာန်း ထားတဲ့ နိုင်ငံတွေမှာ တရားစွဲမယ်- အဲ့လို စွဲရင်
တရားခံဟာ အဲ့ဒီ နိုင်ငံထဲကို ၀င်တာနဲ့ အမှု ရင်ဆိုင်ရပါမယ်၊ နံပတ် နှစ်က
နိုင်ငံတကာ ခုံရုံးမှာ စွဲချက်တင်မယ်- အဲ့လို ဆိုရင် ကျွန်တော်ပြောခဲ့ သလို
- မြန်မာအစိုးရဆီက တရားခံကို တောင်းမယ့် ပုံစံ ဖြစ်တယ်။-” ဟု ပြောကြားသည်။
ဒါဆို အဲ့ဒီ စွပ်စွဲခံ တရားခံများ မပါနိုင်ဘူးလား- ဟု ဆက်လက်
မေးမြန်းကြည့်ရာ- ဦးမျိုးမင်းအောင်မှ- “မပါဘူး လည်း မပြောနိုင်ဘူး ခင်ဗျ၊
ပါချင်လည်း ပါမှာပေါ့- အချိန်ကျရင် အားလုံး သိလာရမယ်လေ၊ လောလောဆယ် တော့
ကျွန်တော်တို့ဘက်က မပြောနိုင်သေးဘူး၊” ဟု ပြောဆိုသွားပါသည်။
အခြား အဖွဲ့အစည်း တစ်ခုမှ ရရှိသည့် တရားခံ စာရင်းမှာ--

No comments:
Post a Comment