Tuesday, November 6, 2012

IC ရုံးကိစ္စ မြန်မာနိုင်ငံ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေး OIC ထံ အလွတ်သဘော မေတ္တာရပ်ခံ


လူသားချင်းစာနာမှု အကူအညီဆိုင်ရာ OIC ရုံး ဖွင့်လှစ်ရန် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပြီးနောက် ဖြစ်ပေါ်လာသော ကန့်ကွက်ဆန္ဒပြမှုများကြောင်း OIC ရုံးဖွင့်လှစ်ခွင့်မပြုဟု မြန်မာအစိုးရ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ နယ်စပ်ရေးရာ ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီးသိန်းဌေး မှ ရုံးဖွင့်လှစ်ရေး ရွှေ့ဆိုင်းပေးရန်  OIC အား အလွတ်သဘော မေတ္တာရပ်ခံခဲ့ကြောင်း OIC အတွင်းရေးမှူးချုပ် အက္ကမီလဒ္ဒိင်း အဟ်ဆန်နိုလူ က ပြောပါသည်။ မြန်မာအစိုးရမှ မိမိတို့ထံ တရားဝင် အကြောင်းကြားခြင်းမရှိသေးကြောင်း ၊တရားဝင် အကြောင်းကြားစာရရှိပါက ၄င်းကိစ္စနှင့်ပတ်သက်ပြီး နိုဝင်ဘာတွင်ကျင်းပမည့် OIC နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း ၄င်းက ပြောပါသည်။

မြန်မာအစိုးရနှင့် ပြုလုပ်ခဲ့သော သဘောတူညီချက်များတွင် OIC ရုံးအနေဖြင့်  မြန်မာအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ သော  အကြမ်းဖက်မှုများကြောင့်  ဒုက္ခရောက်ရသူများထံ  လူသားချင်းစာနာသော  အကူအညီများ ပေးအပ်ရာတွင် ယာယီ ကြီးကြပ်သွားရန် ဟု ဖော်ပြထားကြောင်း အတွင်းရေးမှူးချုပ်က ပြောပါသည်။


မြန်မာနိုင်ငံမှာဖွင့်မည်ဆိုသော  OIC ရုံးသည် လူသားချင်းဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် ဒုက္ခရောက်ကြရသော အခြားနိုင်ငံများတွင်  အဖွဲ့အစည်းအသီးသီး၏ လူသားချင်းဆိုင်ရာရုံးတွေအတိုင်း ကလွဲ၍ အခြားထူးခြားချက် မရှိဟု ၄င်းက အလေးအနက် ပြောပါသည်။

OIC အနေဖြင့် လူသားချင်းဆိုင်ရာအလုပ်များကို နိုင်ငံရေးကိစ္စဖြစ်အောင် ဆောင်ရွက်မည် မဟုတ်ကြောင်း ရိုဟင်ဂျာတွေ မြန်မာပြည်ထဲမှာ သူတို့ရဲ့ ဥပဒေကြောင်းအရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်အရေး များ  ပြန်ရရန်  OIC က ဆက်လက် ကြိုးပမ်းသွားမည်ဟု ၄င်းက ဆိုသည်။ “ဒါပေမယ့် အဲ့ဒီလို ကြိုးပမ်းတာကို တရားဝင် သံတ မန် လမ်းကြောင်းတွေကနေတဆင့်သာ ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာပြည်မှာဖွင့်မယ့် OIC ရုံးကနေတဆင့် ဆောင် ရွက်သွားမှာမဟုတ်ဘူး” ဟု အက္ကမီလဒ္ဒိင်း အဟ်ဆန်နိုလူ က အလေးအနက် ဆိုသည်။

မြန်မာပြည်မှာ OIC ရုံးဖွင့်ရန် ဆောင်ရွက်ခြင်းသည်  တူရကီ ၊ အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့များ၏  လူသားချင်းဆိုင်ရာ အကူအညီများ ပေးနေသကဲ့သို့  မွတ်ဆလင် ကမ္ဘာက ပြည်သူများနှင့် အခြားပြည်သူများ အကြား သွေး စည်းညီညွတ်ရရှိရန်  ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြောပါသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးသိန်းဌေးနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး OIC ရုံးကိစ္စ   နှင့်ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဧရာဝတီနှင့် အင်တာနက်သတင်းများ

No comments:

Post a Comment