စစ်တွေ ၊ ၁၁ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊
၂၀၁၂-ခုနှစ် နိုဝင်ဘာလ (ရ) ရက်နေ့ မနက်ကိုးနာရီလောက်မှာ စိစစ်ရေးအလုပ်ကို စပါတယ်။ ဆင်တက်မော်ရွာက မိုင်ဝက်မရှိတရှိ အလျားရှည်ရှည်နဲ့ ရွာကြီးဖြစ်ပါတယ်။
နဂိုရှိပြီးသားစာရင်းတွေအရ ဆင်တက်မော်ရွာမှာ အိမ်ခြေလေးရာကျော်ရှိတယ် လို့ဆိုတယ်။ ဒါပေမဲ့ စာရင်းမပေါက်ပဲနဲ့ မြေကြီးပေါ်ပေါက်နေတဲ့အိမ်တေ
ဆင်တက်မော်(ဘင်္ဂါလီ)ရွာကို အပိုင်း သုံးပိုင်းခွဲလိုက်ပြီးတော့
စစ်ဆေးရေးအဖွဲ့လာတယ်ဆိုလို့
ပထမဆုံးအိမ်ကို ၀င်စစ်တယ်။ အိမ်ကလူတွေ ဆင်းလာခဲ့ဆိုတော့။ လူသား စင်စစ် ခြောက်ယောက်ဆင်းလာတယ်။ မိဘ က နှစ်ယောက်၊ သားသမီးက လေးယောက်။ လ၀ကဌာနရဲ့ ပုံစံလေးမျိုးနဲ့ စစ်တယ်။ မိဘ၊ မိဘရဲ့မိဘ၊ မိဘရဲ့ မိဘရဲ့မိဘ စသည်ဖြင့် စစ်ဆေးမေးမြန်းကြတယ်။ ကျွန်တော် ကြည့်မြင်ရသလောက်ကတော့ သူတို့တစ်ယောက်နဲ့ တစ်ယောက်ပြောတာကွဲလွဲသွားမလ
ဓါတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးခြင်းလည်းမ
အဲသည် ပတမအိမ်မှာပဲ ပထမဆုံး အဖုအထစ်နဲ့ တွေ့ရတော့တာပဲ။ အိမ်အောက်မှာ စစ်ဆေးရေးအဖွဲ့က စစ်ဆေးနေတာကို အိမ်အပေါ်ထပ်မှာ ခပ်တည်တည်နဲ့ စောင့်ကြည့်နေတဲ့ လူသားစင်စစ်တွေရှိနေတယ်။ သူတို့ကတော့ ခပ်တည်တည်ပဲ၊ ဒီအတိုင်းထိုင်နေတယ်။ ဒီလူတွေက ဘယ်သူတွေတုန်း လို့မေးတော့၊ မကြာခင်ကမှ ကျောက်ဖြူက ရောက်လာတဲ့ ကမန်လူမျိုးတွေပါ လို့ဖြေတယ်။ ဒီမှာ နေတာလား ဆိုတော့၊ ဟုတ်တယ် နေတယ်တဲ့။
ဒီတော့မှ လ၀ကတွေ ဖုန်းထုတ်ဆက်ပြီး ညွှန်ကြားချက်တောင်းကြတယ်။ ညွှန်ကြားချက်တွေရတော့ အဲသည် လူသားစင်စစ်တွေကို စိစစ်တယ်။ မှတ်တမ်းတင် တယ်။ မင်းတို့တတွေ ဒီအိမ်ကနေ မလျော့စေနဲ့၊ နောက်ပြီးတော့ မတိုးစေနဲ့ လို့ ကြပ်ကြပ် မှာကြားရတယ်။
မနက်ပိုင်းအလုပ်ကို ဆယ်နှစ်နာရီခွဲမှာ ရပ်လိုက်တဲ့အချိန်မှာ အိမ်ထောင်စု ခုနစ်စု ရှစ်စုလောက်ကို ပဲ စိစစ်လို့ပြီးပါသေးတယ်။ သုံးနာရီခွဲ အချိန်အတောအတွင်းမှာ မိသားစု ရှစ်စုကို စစ်လို့ပြီးတယ် ဆိုတော့ ပျမ်းမျှခြင်းအားဖြင့် တစ်အိမ်ထောင်ကို (၂၇)မိနစ်လောက် ကြာတဲ့သဘောပေါ့။
အဲသည်မနက်ပိုင်းမှာ အဖွဲ့နှစ်နဲ့စပြီး ပြဿနာတက်နေပြီ။ အဖွဲ့သုံး နဲ့ တွဲထားတဲ့ ကောင်းဇံဝေ တို့က အဲသည်အချိန်မှာ ပြဿနာစပြီးဖြစ်နေမှန်း မသိသေးဘူး။ အဖွဲ့နှစ်ကို ဘင်္ဂါလီတစ်ယောက်က စတင်ပြီး ငြင်းဆိုခြင်းကိုခံရပါတယ်။ ဘင်္ဂါလီလို့ရေးထားရင် သူလက်မှတ်မထိုးနိုင်ဘူး တဲ့။ ရိုဟင်ဂျာ လို့ ရေးသွင်းမှ သူလက်ခံမယ်လို့ပြောပါတယ်။ လ၀က စစ်တွေခရိုင်မှူးလည်း အဲသည်အဖွဲ့နဲ့ တစ်ပါတည်း ပါသွားတဲ့အတွက် သူက အဲသည် သကောင့်သားကို ရှင်းပြပါတယ်။ ဒါပေမဲ့ အဲသည်လူသားစင်စစ်က လက်သင့်မခံပါဘူး။ အဲသည်အချိန်မှာ တပ်ရင်းမှူးတစ်ယောက်က အဲသည်အနီးကနေဖြတ်သွားတာနြဲ့
ဒါပမဲ့ သူတို့တတွေဟာ ကောင်ဇံဝေတို့ ထမင်းစားထွက်သွားတဲ့အချိန်မ
လုံခြုရေးအရ ရွာထဲမှာ ထမင်းစားဖို့ ရေသောက်ဖို့ အဆင်မပြေတဲ့အတွက်၊ ကောင်းဇံဝေတို့တတွေ ရခိုင်ရွာတစ်ရွာကို ထမင်းစားသွားကြပြီး စက်လှေနဲ့ပြန်လာတယ်။ မွန်းလွဲနှစ်နာရီလောက် ရွာကို ပြန်ဝင်လာတဲ့အချိန်မှာ ရွာထဲမှာ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ သဘော ရှိတယ်။ ရွာရဲ့လမ်းဆုံတိုင်း လမ်းဆုံတိုင်းမှာ လူသားစင်စစ် သုံးလေးဆယ်လောက်စီ စုစု စုစုနဲ့ ဂဏာမငြိမ် ဖြစ်နေကြတယ်။ ဟေ့ ဟေ့ လူစုမနေကြနဲ့၊ ကိုယ့်အိမ်ကိုယ်ပြန်ကြစမ်း ဆိုတော့ ခဏလေး လူစု ကွဲသွားခဲ့တယ်။ ဒါပေမဲ့ ချက်ချင်းပဲ အားကောင်းမောင်းသန် ဘင်္ဂါလီလူငယ်တွေ လမ်းဆုံတွေကို ချက်ချက်ရောက်လာကြပြီးတော့ နေပူကျဲတဲကြီးမှာ ကောင်းဇံဝေတို့ပြန်တဲ့ အချိန် ညနေ ငါးနာရီအထိ ခြင်းလုံးခတ်နေကြတော့တယ်။
မွန်းလွဲပိုင်းမှာ ပထမဆုံးစကောက်တဲ့ အိမ်ကပဲ စပြီးငြင်းဆိုပါတယ်။ ရိုဟင်ဂျာလို့ မရေးသွင်းရင် လက်မှတ်မထိုးနိုင်ဘူး လို့ သူတို့က ငြင်းဆိုတယ်။ အဲသည်နေ့ မွန်းလွဲပိုင်း တစ်ပိုင်းလုံး စစ်သမျှအိမ်တွေဟာ တစ်ပြိုင်တည်း ဥာဏ်စဉ် ပွင့် သွားပြီးတော့ ရိုဟင်ဂျာလို့ မရေးသွင်းရင် လက်မှတ်မထိုးဘူး လို့ ငြင်းဆိုကြပါတယ်။
ဘာကြောင့် လက်မှတ်မထိုးဖြစ်သွားရတာလဲ လို့မေးတော့ နော်ဘူဇေး(မသိဘူး)လို့ အတူပါလာတဲ့ ဘင်္ဂါလီကိုယ်စားလှယ်တွေက ဖြေပါတယ်။ အဲဒီတော့ ဒီလူတွေ လက်မှတ်မထိုးနိုင်ဘူးဆိုပြီ
နောက်ဆုံးတော့ အဲသည်ကိုယ်စားလှယ် နှစ်ယောက်ကပြောတယ်။ ကျွန်တော်တို့ လူကြီးတွေက ဘင်္ဂါလီလူမျိုးအနေနဲ့ လက်မှတ်မထိုးရဘူး ဆိုပြီး ညွှန်ကြားလို့ပါ ဆိုပြီး ပြောပြတယ်။ ရန်ကုန်ကလူကြီးလား၊ စစ်တွေဒုက္ခသည်စခန်းကို ရောက်နေကြတဲ့ လူကြီးတွေလား ဆိုတာကို သူက ဘာမှမပြောပြပါဘူး။
မြင်တွေ့ရတဲ့ အားနည်းချက်တွေကိုပြောရမယ် ဆိုရင်
(၁) ဓါတ်ပုံတို့၊ လက်ဗွေတို့နဲ့ တိုက်ဆိုင်စစ်ဆေးခြင်းကို မတွေ့ရဘူး။
(၂) စိစစ်နေချိန်အတွင်းမှာ ရွာကို ပတ်ပတ်လည် ၀ိုင်းထားတယ် ဆိုတဲ့ တပ်အင်အားက လုံလောက်မှုမရှိပါဘူး။ စစ်ဆေးရေးမရောက်ခင်မှာ အနီးအနားက တောင်ထက်ကို လူတစ်ရာလောက်တက်သွားတာကိုတေ
(၃) အဖွဲ့နဲ့အတူ ထည့်ပေးလိုက်တဲ့ လုံခြုံရေးခြောက်ယောက်အင်အာ
ကောင်းဇံဝေတွေ့ခဲ့ရတဲ့ စိတ်ဝင်စားစရာတစ်ခုကတော့၊ ၁၉၈၂-ခုနှစ်ဖွား ဘင်္ဂါလီတစ်ယောက်ရဲ့ နာမည်ခေါ်လိုက်တဲ့အခါ အသက် ခုနစ်နှစ်အရွယ်တစ်ယောက်ကို သွား . . . သွားချေ လို့ ရှေ့ကိုလွှတ်လိုက်ပါသတဲ့။ ဒါ . . . ဘယ်လိုဖြစ်ရတာလဲ၊ ငါတို့ ခေါ်တဲ့လူက အသက်သုံးဆယ်လောက်ရှိရမှာလို
( သောင်းကြွယ် ရေးသားသည်။)
လူမျိုး ရိုဟင်ဂျာအဖြစ်ရေးသွင်းမှသာ

No comments:
Post a Comment