Tuesday, November 27, 2012

"Burma's junta admits deadly attacks on Muslims"

The Guardian - "Burma's junta admits deadly attacks on Muslims"
 
ဂြိုလ်တုစလောင်းမှ ရိုက်ကူးထားတဲ့ ပုံတွေက အလွန်တရာမှ ကြီးမားကျယ်ပြန့်လှတဲ့ ပြင်းထန်ရက်စက်လှတဲ့ အကြမ်းဖက်တိုက်ခိုက်မှုလှိုင်းလုံးကြီးခုဟာ ကမ်းရိုးတန်း မြို့လေးကို တိုက်ခိုက်ဖျက်ဆီးပြီးသွားတဲ့အခါ လူ ဒါဇင်ပေါင်းများစွာ သေကြေပျက်စီးစေခဲ့တယ်ဆိုတာကို ပြခဲ့ပါတယ်။
 
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ကလည်း သူ့ရဲ့နိုင်ငံက ရိုဟင်ဂျာမွတ်စလင်လူထုဟာ မမျှော်မှန်းနိုင်လောက်အောင် မကြုံစဖူး ပြင်းထန်ရက်စက်လှတဲ့ ပစ်မှတ်ထားအကြမ်းဖက်တိုက်
ခိုက်တာကို ခံခဲ့ရတယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်။
 
သမ္မတ ဦးသိန်းစိန်ရဲ့ ၀န်ခံပြောကြားချက်ဟာ ကမ်းရိုးတန်းမြို့လေးကို စိတ်ခြောက်ခြားတုန်လှုပ်ဖွယ် ကောင်းလောက်အောင် ဘယ်လောက်ကြီးကြီးမားမားတိုက်ခံခဲ့ရတယ်ဆိုတာကို ဂြိုလ်တုစလောင်း ဓာတ်ပုံတွေ ထွက်လာပြီးနောက်မှာ တဆက်တည်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပုံတွေမှာဆိုရင် မွတ်စလင်လူထုတရပ်လုံး မဟုတ်ရင်တောင် အများစုကြီးဟာ အိမ်ခြေတွေ ဖျက်ဆီးခံရပြီး နေရာမှ ဖယ်ရှားခြင်းခံရတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
 
Human Rights Watch အဖွဲ့က စုဆောင်းခဲ့တဲ့ ဓာတ်ပုံတွေမှာဆိုရင် မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းမြို့လေးဖြစ်တဲ့ ကျောက်ဖြူမြို့ကို ဖျက်ဆီးခံရတဲ့ အခြေအနေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ 14.4 ဟက်တာ( 35 ဧက ) လောက်ရှိတဲ့ အဲ့ဒီ့ အဖျက်ဆီးခံ နေရာတွေမှာ အခြို့သော အဆောက်အဦး 811 လုံးလောက်နဲ့ လှေပေါ်အိမ်ခြေတွေလည်း ဖျက်ဆီးခံခဲ့ရတယ်ဆိုတာကို ဖော်ထုတ်ပြသနေပါတယ်။
 ဒီ ဓာတ်ပုံတွေက အောက်တိုဘာ ၂၄ ရက်နေ့က ၂၄ နာရီပတ်လုံးဖြစ်သွားတဲ့ ၃ ရက်တိုင် ဖြစ်သွားခဲ့တဲ့ ပထမဆုံး တိုက်ခိုက်မှုတွေ အပြီးမှာ အလွန်တရာ ကြီးမားရက်စက်ပြင်းထန်လှတဲ့ တိုက်ခိုက်မှု အစီရင်ခံစာတွေကို သေချာစေပါတယ်။
 
ဒီ အာရကန်ဒေမှာ (ရခိုင်လို့လည်းခေါ်ပါသည်) ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဟာ လူထောင်ပေါင်းများစွာကို နေအိမ်တွေကို စွန့်ခွာထွက်ပြေးစေခဲ့ရတဲ့ အာရကန် လူမျိုးရေး ဘာသာရေး အစွန်းရောက်တွေက မွတ်စလင်တွေအပေါ် အကြီးအကျယ် သေကြေပျက်ဆီးဆှုံးရှုံးစေရန် ပစ်မှတ်ထားတိုက်ခိုက်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခုအဖြစ် သိသာထင်ရှားစေခဲ့ပြီဖြစ်ပါတယ်။
 
သမ္မတဦးသိန်စိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ရွာတော်တော်များများ ရွာလုံးကျွတ်နဲ့ တခြို့မြို့တွေပါ မီးလောက်တိုက်သွင်း ဖျက်ဆီးခံရတာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အစိုးရ တာဝန်ရှိသူတွေက ပထမဆုံးသေဆုံးသူ 112 ယောက်ရှိတယ်လို့ ပြောဆိုခဲ့ပြီး၊ နောက်မှ 67 ယောက်ပဲ ရှိတာပါလို့ လျှော့ချ ပြင်ဆင်ခဲ့ပါတယ်။
 သမ္မတဦးသိန်စိန် ရဲ့ ပြောကြားချက်ဟာလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းရဲ့ ပြောကြားချက်ဖြစ်တဲ့ " တိုင်းရင်းသားမျိုးနွယ်စုတစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်နေမှုဟာ မြန်မာနိုင်ငံရဲ့ ကောင်းမွန်တဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်နေမှုတွေအတွက် အလွန်တရာမှ အန္တရာယ်ရှိစေကြောင်း သတိပေးမှု အပြီးမှာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
 
မြန်မာပြည်မှာ ခုဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ တကယ်တော့ ပြီးခဲ့တဲ့ နှစ်ကမှ အဆုံးသတ်ခဲ့တဲ့ ရာစုနှစ်တစ်ဝက်လောက် စစ်အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရတဲ့ အချိန်အတွင်း တောက်လျှောက် လူမျိုးဘာသာ ခွဲခြားဆက်ဆံ ဖိနှိပ်ချုပ်ချယ် ထားပြီး၊ အစိုးရအနေနဲ့ အခက်အခဲ တစ်ခုခုကြုံတိုင်း နိုင်ငံရေးလှည့်ကွက်ထွက်ပေါက်တစ်ခုအဖြစ် အသုံးချခဲ့တဲ့ နောက်ဆက်တွဲ အကြိုးဆက်အဖြစ် ခုလို ဖြစ်ပေါ်နေရတာ ဖြစ်ပါတယ်။
 
Human Rights Watch အဖွဲ့က ရိုဟင်ဂျာလူမျိုးတွေ နေထိုင်တဲ့ ဧရိယာထဲက အဆောက်အအုံပေါင်း 633 လုံးနဲ့၊ လှေပေါ်နေအိမ်ခြေ နဲ့ မော်တော် သမ္ဗန် ပေါင်း 178 စင်း ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဦးဆောင်တဲ့ ကော်မတီက လုံခြုံရေးဖြည့်အင်အားစုတွေ ဖြည့်တင်းပေးဖို့နဲ့၊ ဒီ သတ်ဖြတ်မှုနဲ့ အကြီးအကျယ်ဖျက်ဆီးမှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို ဖော်ထုတ် ဥပဒေအရအပြစ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
 
ရိုက်တာ သတင်းအရ ဒါဇင်ပေါင်းများစွာသော ရိုဟင်ဂျာ လူမျိုးတွေဟာ ကျောက်ဖြူမြို့မှ ထွက်ပြေးရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံအတွက် အရေးပါတဲ့ စက်မှုဇုံတွေဈ တခြာနေရာဒေသတွေမှာပါ ဖြစ်ပေါ်ခဲ့တဲ့ ခုလို ရက်စက်ပြင်းထန်လှတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ ပြည်နယ်မြို့တော် စစ်တွေရဲ့ ဒုက္ခသည် စခန်းတွေမှာ ဒုက္ခသည်အရေတွက်ကို အလွန်အမင်း ပြွတ်သိပ် ကြပ်ညပ်သွားစေခဲ့ပါတယ်။
 
ရိုဟင်ဂျာလူမျိုး 3000 ထောင်ခန့်ဟာလည်း စစ်တွေမှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို လာလို့ မရအောင် လမ်းမှာ အစိုးရစစ်တပ်က ပိတ်ဆို့ခြင်းကို ခံရတဲ့ အတွက် အနီးအနားက ကျွန်းတွေမှာပဲ ခုံလှုံနေရတယ်လို့ ဖော်ပြပါတယ်။
 
Human Rights Watch အဖွဲ့ရဲ့ deputy Asia director, Phil Robertson ကလည်း အစိုးရ အနေနဲ့ ခုလို ရက်စက်ပြင်းထန်စွာ တိုက်ခိုက် သတ်ဖြတ်ခံနေရတဲ့ ရိုဟင်ဂျာမျိုးနွယ်စုကို အရေးပေါ် လုံခြုံရေး အကာအကွယ်တွေ ချက်ခြင်း ပေးဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။
 
သေဆုံးမှု နှုန်းထားတွေဟာ လက်ရှိဖော်ပြနေတာတွေထက် ကြောက်စရာကောင်းလောက်အောင် ပိုပြီး မြင့်မားနေနိုင်ဖွယ်ရှိတယ်လို့ Human Rights Watch အဖွဲ့က ပြောပါတယ်။ အခုလို ကွာခြားနိုင်တယ်ဆိုတာ က အစုအပြုံလိုက် အသတ်ဖြတ်ခံရလို့ ထွက်ပြေးလာရတဲ့ လူတွေနဲ့ မျက်မြင်သေတွေက ပြောကြားတာနဲ့ အစိုးရရဲ့ သေဆုံးမှုနှုန်းထားတွေကို အမြဲ တစေ လျှော့ချဖော်ပြတတ်တဲ့ သမိုင်းကြောင်းအရ ကွာခြားမှုတွေအပေါ် အခြေခံ ခန့်မှန်းတာ ဖြစ်ပါတယ်။
 
ရိုဟင်ဂျာမျိုးနွယ်စု ဟာ နိုင်ငံမဲ့တွေအဖြစ်ရပ်တည်နေရပါတယ်။ အစိုးရ အဖွဲ့ဟာ ရိုဟင်ဂျာလူမျိုးတွေကို လူဦးရေ 8 သိန်းခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ်က တရားမ၀င် ၀င်ရောက်လာတဲ့လူတွေလို့ သတ်မှတ်ထားပြီး တရားဝင် တိုင်းရင်းသား 135 မျိုးထဲမှာ မပါဘူးလို့ ပြောဆိုနေပြီး နိုင်ငံသားဖြစ်ခွင့်ကလည်း ငြင်းဆန်ထားပါတယ်။
 
ဒါပေမဲ့ ကျောက်ဖြူမြို့က မောင်းထုတ်ခံရတဲ့ မွတ်စလင်အများစုကတော့ ရိုဟင်ဂျာမျိုးနွယ်စုတွေ မဟုတ်ဘဲ အစိုးရ အသိအမှတ်ပြု တရားဝင် တိုင်းရင်းသား 135 မျိုးထဲမှာ ပါဝင်တဲ့ ကမန်တိုင်းရင်းသား လူနည်းစုမျိုးနွယ်တွေပဲ ဖြစ်ပါတယ် လို့ the Rohingya advocacy group, Arakan Project ရဲ့ Director Chris Lewa က ပြောပါတယ်။
 
ခုလက်ရှိ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ရိုဟင်ဂျာတွေကိုချည်း ဦးတည်နေတာ မဟုတ်ဘဲ မွတ်စလင်တွေအားလုံးကို ဦးတည်နေတာဖြစ်တယ်လို့ လည်း Lewa က ပြောပါတယ်။
 
http://apps.facebook.com/theguardian/world/2012/oct/28/burma-leader-admits-attacks-muslims
 — with Fareeda Issace and 16 others.
The Guardian - "Burma's junta admits deadly attacks on Muslims"

ဂြိုလ်တုစလောင်းမှ ရိုက်ကူးထားတဲ့ ပုံတွေက အလွန်တရာမှ ကြီးမားကျယ်ပြန့်လှတဲ့ ပြင်းထန်ရက်စက်လှတဲ့
အကြမ်းဖက်တိုက်ခိုက်မှုလှိုင်းလုံးကြီးခုဟာ ကမ်းရိုးတန်း မြို့လေးကို တိုက်ခိုက်ဖျက်ဆီးပြီးသွားတဲ့အခါ လူ ဒါဇင်ပေါင်းများစွာ သေကြေပျက်စီးစေခဲ့တယ်ဆိုတာကို ပြခဲ့ပါတယ်။

No comments:

Post a Comment