Friday, November 23, 2012

ပဋိပက္ခကို အစိုးရက မဖန်တီးရပါ ဟု ဦးသိန်းစိန် တောင်းပန်



၂၀၁၂ နိုဝင်ဘာ ၂၁ ရက် အာဆီယံ အစည်းအဝေး တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ ဖနွန်း ပင်မြို့တော် သို့ ရောက်ရှိနေသော မြန်မာ သမ္မတ ဦးသိန်းစိန်မှ အင်ဒိုနီးရှား သမ္မတကြီး စူစီလို ဘန်ဘန် ယူဟိုယိုနိုနှင့် ရိုဟင်ဂျာ အရေး ဆွေးနွေးစဉ် ထိုပဋိပက္ခ ဖြစ်စေရန် အစိုးရမှ မောင်းနှင်ခဲ့ခြင်း မဟုတ်ရ ပါဟု တောင်း ပန် ခဲ့ကြောင်း အင်ဒိုသမ္မတကြီး၏ ပြော ရေး ဆိုခွင့်ရှိသူ တီကူး ဖိုင်ဇာယာမှ ပြောကြားသည်။

အင်ဒိုနီးရှား၏ အကူအညီပေးရေး ကမ်းလှမ်းမှုတို့အား သမ္မတ ဦးသိန်းစိန်မှ ကြိုဆိုကြောင်း သမ္မတကြီး ယူဟိုယိုနိုအား လာမည့်နှစ်တွင် မြန်မာနိုင်ငံသို့ ကြွရောက်ပါရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ရိုဟင်ဂျာတို့၏ အခြေအနေ များအား ကြည့်ရှုလိုလျှင် မည်သူ့ကို မဆို မြန်မာဘက်မှ ဖွင့်ပေးမည် ဟု ကတိပေးကြောင်း၊ ဖိုင်ဇာယာမှ ပြောခဲ့ သည်။

အင်ဒိုနီးရှား သမ္မတကြီးမှ- သူ၏ နိုင်ငံခြားရေး ၀န်ကြီး မာတီ အား မြန်မာနိုင်ငံသို့ စေလွှတ်ပြီး- ရိုဟင်ဂျာ အသိုင်းအ၀ိုင်းထံသို့ လူသားချင်း စာနာသည့် အထောက်အပံ့များ ရောက်ရှိနိုင်ရန် ကျန်အကူအညီများ ကိစ္စ ဆောင်ရွက်ရန် ဆွေးနွေးစေမည်ဟု- ပြောဆိုသွားခဲ့သည်။

မြန်မာသမ္မတ ဦးသိန်းစိန် အနေဖြင့် ရိုဟင်ဂျာ အရေးသည် ဒေသတွင်းနှင့် ကမ္ဘာ၌ မျက်နှာ ပျက်စရာ များ ဖြစ်ခဲ့ ပြီး- ရခိုင်ပြည်နယ် ပဋိပက္ခ၌ ပါဝင်ပတ်သက်သူများအား ထိထိရောက်ရောက် ဖမ်းဆီးအရေး ယူပေးခြင်းမရှိဘဲ ဘက်လိုက်မှုများ ရှိနေသည်ဟု ပြစ်တင်ဝေဖန်ခံရမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။

No comments:

Post a Comment