Friday, November 30, 2012

ကြေးနီစီမံကိန်း ထခိုက်ဒဏရာရရှိမှု – လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမရှိဘူးဆိုရင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်ဖို့ တောင်းဆိုရလိမ့်မယ် …

 Chit Coco‘s photo.
လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမရှိဘူးဆိုရင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်ဖို့ တောင်းဆိုရလိမ့်မယ်
“ကျွန်တော်သိရသလောက် မီးလောင် ဒဏ်ရာတွေက သာမန် မီးလောင်ဒဏ်ရာပုံမျိုး မပေါက်ဘူး။ ဓါတုပစ္စည်း တစ်ခုခုနဲ့ ထိထားတဲ့ ပုံမျိုးတွေ့ရတယ်။ သာမန် အဓိကရုဏ်း လက်နက်မျိုးမဟုတ်တဲ့ အတွက် အစိုးရအနေနဲ့က လုံလောက်တဲ့ ဖြေရှင်းမှုမျိုး လိုပါတယ်။ အစိုးရအနေနဲ့ ဒီဖြစ်စဉ်ကို အသေးစိတ် စုံစမ်းပြီး ပြည်သူကို ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမရှိဘူးဆိုရင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်ဖို့ တောင်းဆိုရလိမ့်မယ်။”
ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
ယခုကြေနီစီမံကိန်း ဆန္ဒပြသူတွေကို သုံးလိုက်တဲ့ မျက်ရည်ယိုဗုံးတွေဟာ မယုံသင်္ကာဖြစ်စရာပါ၊ အခုလို အကြမ်းဖက်လိုက်ခြင်းဟာ လက်ရှိအစိုးရ ဒေါ်အောင်ဆန်းစုကြည်အပါဝင် သမ္မတဦးသိန်းစိန်မှာ တာဝန်ရှိပါကြောင်း
xxxxxxxxxxxxxxxxxxxxxxx

စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေ နှစ်ဆယ်လောက် ထိ မီးညွှန့် ပန်းထွက်တဲ့ သေနတ်မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက်အမျိုးအစားက “စစ်မြေပြ
င်”မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့် ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ် ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာ ဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင်စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်းလိုက်ရတာလည်း မှတ်မိကြမှာပေါ့။
အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယိုဗုံး ဆိုတာက မီးလောင်ဗုံးမှ မဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရ မဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ်တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစား သာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇဝတ်မှု အကြီးကြီး တစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။
တခြားဖြစ်နိုင်တာကတော့ ကပစ ကထုတ်တဲ့ မျက်ရည်ယိုဗုံးတွေ စံချိန်မမှီတာကြောင့်လည်းပဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် အရပ်သားတွေကို မီးလောင်ဒဏ်ရာရစေတဲ့အထိ ဖြစ်သွားတာကတော့ (မတော်တဆပဲဖြစ်ဖြစ်၊ တမင်တကာပဲဖြစ်ဖြစ်) ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိ။ ကိုယ်ချင်းမစာတတ်ရင် ကိုယ့်အသားပေါ်ကိုယ် ဆီပူ တစက်လောက် ချကြည့်နိုင်တယ်။ (Sai Thein Win)
Mya Soe and 5 other people shared People Development For Knowledge‘s photo.

သက်သေခံဓါတ်ပုံများစွာ ရှိသော်လည်း မီးလောင်ဗုံးအသုံးမပြုကြောင်း အစိုးရ အရှက်မရှိစွာ ဗြောင်လိမ် (အရေးကြီးသတင်း လက်ဆင့်ကမ်း Share ပေးရန်) ယနေ့မနက်အစောပိုင်းက လက်ပ
ံတောင်းတောင်ကြေးနီစီမံကိန်းအား ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုအား အကြမ်းဖက်နှိမ်နင်းမှုများပြုလုပ်ခဲ့ပါသည်။ ထိုသို့ အကြမ်းဖက်နှိမ်နင်းမှုများပြုလုပ်ရာတွင် နိုင်ငံတကာမှ အသုံးပြုလျက်ရှိသော အကြမ်းဖက်လူစုလူဝေးအား မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများအသုံးပြုခြင်းအပြင် လူအများသေကြေပျက်စီးစေနိုင်သည့် မီးလောင်ဗုံးများကို အသုံးပြုခဲ့ကြောင်း ဓါတ်ပုံအထောက်အထားများ ပေါ်ထွက်လာခဲ့သည်။ သို့သော် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် မီးလောင်ဗုံးများအသုံးမပြုခဲ့ကြောင်း သတင်းထုတ်ပြန်ကြေငြာခဲ့ပါသည်။ သို့ဖြစ်၍ အဆိုပါကိစ္စရပ်တွင် အဓိကတာဝန်ရှိသော ပြည်ထဲရေးဝန်ကြီး၊ ဒုတိယ၀န်ကြီးရဲချုပ်နှင့် တာဝန်ရှိသူများအား နှုတ်ထွက်ပေးပါရန်တောင်းဆိုလိုက်သည်။ ထို့အပြင် နောက်ကွယ်က ပါဝင်ခဲ့သည့် စစ်တပ်အကျိုးစီးပွားပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အား ယနေ့မှစ၍ သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
by: People Development for Knowledge
photo by: Eleven media


မျက်ရည်ယိုဗုံးမဟုတ်ဘဲ မီးလောင်ဗုံးသုံးပြီး ဖြိုခွဲခဲ့ခြင်းဖြစ်သပိတ်စခန်းကို ဖြိုခွဲရာတွင် အသုံးပြုခဲ့သော ဗုံးမှာ မျက်ရည်ယိုဗုံးမဟုတ်ဘဲ မီးလောင်ဗုံး ဖြစ်ကြောင်း အတည်ပြုနိုင်သွားပြီ ဖြစ်ပါသည်။ အဆိုပါ မီးလောင်ဗုံးသည် အဓိကရုဏ်းများတွင် သုံးစွဲလေ့မရှိဘဲ စစ်ပွဲများတွင် ရန်သူ့စခန်းကို မီးရှို့ဖျက်ဆီးလိုသည့် အချိန်တွင်သာ သုံးစွဲလေ့ရှိသည်။ ထို့ပြင် မီးလောင်ဗုံးသည် ရဲတပ်ဖွဲ့သို့ ပေးထားခြင်းမရှိသော လက်နက်အမျိုးအစားဖြစ်ပြီး စစ်တပ်လက်ဝယ်တွင်သာ ရှိပြီး စစ်သားများသာ သုံးစွဲ ပစ်ခတ်နိုင်ကြောင်း သိရသည်။ ထို မီးလောင်ဗုံးသည် လက်ဖြင့် ပစ်ခတ်ရသော အမျိုးအစားမဟုတ်ဘဲ သေနတ်ဖြင့် ပစ်ခတ်ရသော ဗုံး အမျိုးအစား ဖြစ်သည်။
“မီးလောင်ဗုံးသုံးစရာ လုံးဝအကြောင်းမရှိဘူး၊ ဒီမီးလောင်ဗုံးကြောင့် မီးလောင်ပြီး လူတွေသေစေနိုင်ပါတယ်၊ ဘယ်နိုင်ငံမှ ဆန္ဒပြတာကို ဖြိုခွင်းဖို့ မီးလောင်ဗုံး မသုံးဘူး” ဟု မန္တလေးမြို့မှ ရဲဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ဤသို့သာမို့ ၊ရင်ထဲ မချိ ၊ ပြုသူအပြစ်ကို ၊ ဖွင့်ဟပါတယ် ၊ သံဃာရှင်များ ၊ ဝေဒနာကြားက ၊ သက်သာပါစေ။
ဓါတ်ပုံ
ကိုဝိုင်ဝိုင်ကေ
ဓါတုလက်နက်မသုံးဘူးလို့ပြောတဲ့ အကောင်ရေ၊ ဒါ မျက်ရည်ယိုဗုံး သုံးထားတဲ့ အခြေအနေလား။
ဓါတ်ပုံ – ကို Pyae Sone
ကျေးဇူးပြုပြီး ရှယ်ပေးကြပါ ယခု မီးရှို့ခံလိုက်ရသော ရဟန်းရှင်လူပြည်သူအများရဲ့ ဓာတ်ပုံများကို ကိုင်ဆောင်ကာ တနိုင်ငံလုံး ဆန္ဒဖော်ထုတ်ဖို့ အချိန်တန်ပါပြီ
လက်ပံတန်းတောင် ကြေးနီမိုင်း သပိတ် စခန်း ကို အကြမ်းဖက် ဖြို ခွဲ ခဲ့ မှု ကို ဆန့် ကျင် ရှုံ ချသည့် အနေဖြင့် ဦးပိုင် နှင့် ၀မ်ပေါင် စီမံ ကိန်း လုံး ၀ ရပ်တန့် ပေး ပါ ရန် လူထု ၏ ကန့် ကွက် ဆန္ဒ ထုတ် ဖော် မှု ကို ရန်ကုန် မြို့ ဆူးလေ စေတီ နှင့် မြို့ တော် ခန်းမရှေ့ တွင် ညနေ ၅ နှင့် မန္တလေး မဟာ မြတ် မုနိ စေတီ တော် တွင် ညနေ ၅ နာရီ အချိန် တွင် စတင် မည်
ဟု သိရသည်။
Freedom News Group(Burma)

ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာက ဓာတုဗေဒ လက်နက် အမျိုးအစားမှာပါဝင်ပြီး ပေါက်ကွဲမှူအနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့ အရာတွေကို မီးလောင် ကျွမ်း စေနိုင် တာမျိုးပါ။ ဒီလက်နက်မျိုးကို ဒုကမ္ဘာစစ် အတွင်း ၁၉၄၅ ခုနှစ် မန္တလေး မြို့သိမ်းတိုက်ပွဲ မှာအင်္ဂလိပ်တပ်တွေက ဂျပန်တပ်တွေ ကို ပထမဆုံးနဲ့ နောက်ဆုံး မြန်မာ့မြေပေါ်မှာ စမ်းသပ်အသုံးပြုခဲ့ ပါတယ်။ အင်မတန်မှ ရက်စက်လှပြီး ခံစားရသူကို သေရာပါ ဒါဏ်ရာဒါဏ်ချက်များစွဲကပ်စေကာ နောက်ဆက်တွဲဝေဒနာများအဖြစ် အသည်းနဲ့ကျောက်ကပ် ရောဂါများပါ ရရှိနိုင်စေပါတယ်။မြန်မာမြေပေါ်မှာသာ အထူးအဆန်း အနေနဲ့ ဖြစ်နေပေမဲ့ တကယ်တော့ ဒီလက်နက်မျိုးဟာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတပ်များက အသုံးပြုနေကြ သာမန်ရိုးကျ လက်နက် တခုတောင်ဖြစ်နေပါပြီ။အမေရိကန်တပ်များကော၊ အစ္စရေးတပ်များပါ လက်ရှိဆင်နွှဲနေကြစစ်ပွဲမျိုးမှာ လူမသိ သူမသိကော ပြောင်ပြောင်တင်းတင်းပါ အသုံးပြုနေကြတာမျိုးပါ။ လတ်တလော အနေအထားကြည့်ပြီး အသေအပျောက် စာရင်းမများလှလို့ သိပ်မပြင်းထန်ဘူးလို့ ထင်ရပေမဲ့လဲ နောက်ပိုင်း နာတာရှည် ရောဂါများရရှိပြီး လူညွန့်ပါတုံးစေနိုင်တဲ့အတွက် အဓိပ္ပါယ်ရှိရှိ ရက်စက်နိုင်တဲ့လက်နက်တမျိုးပါပဲ။ သို့ပေမဲ့လဲ ဒီလိုနိုင်ငံကြီးတွေတောင်မှ စစ်ပွဲတွေမှာပဲ သုံးကြပြီး ဒီလို သာမန် ဆန္ဒပြ ပြည်သူတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါ။ သုံးခွင့်လဲမရှိပါ။ဆရာထက် တပည့်လက်ဇောင်းထက်ဆိုသလို ကျောင်းသားတွေကို ရီကွိုင်ဂန်းနဲ့ပစ်ဖမ်းခဲ့တဲ့ ဗိုလ်နေဝင်းထက် လက်ရှိ ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရက အပုံကြီးသာသွားပါပြီ။ ကောင်းပြီ၊ ကချင်စစ်ပွဲတွေကို မရပ်နိုင်ဘူး။ စစ်တပ်ကို စွပ်ဖက်လို့မရပါဘူးလို့ ငြင်းဆန်လို့ ရကောင်းရနိုင်ပေမဲ့ ဒီလို ပြည်တွင်းကဆန္ဒပြပွဲ တွေကိုတော့ သမ္မတကြီး တာဝန်မရှိပါဘူးလို့ ကိုယ်လွတ်ရုန်းလို့ မရလောက်ပါဘူးနော်။ မျက်ရည်ယို ဗုံးလောက်ပါဆိုပြီး ဗြောင်လိမ်ဖို့လဲ မကြိုးစားပါနဲ့တော့။ မျက်ရည်ယိုဗုံး ရဲ့ အရသာကို ကျွန်တော် အပါအဝင် ပြည်သူများ၊ သံဃာတော်အများအပြား ကပါ ၂၀၀၇ ရွှေဝါရောင်မှာတုန်းက ကောင်းကောင်းကြီးမြည်းစမ်းဖူးခဲ့ပြီးပါပြီ။ မျက်ရည်ယိုဗုံးနဲ့ မီးလောင်ဗုံးဟာ အတော်ကွာခြားမှန်း ကာယကံရှင် များရဲ့ သေရာပါ ဒဏ်ရာ များက သက်သေခံသွားပါပြီ။
လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။ အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။ Copy From…ဝါးလုံးရှည် အတီး
— with Myintzu Zaw.
လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းမှုကြောင့် မုံရွာမြို့ဆေးရုံသို့ ရောက်ရှိနေသော ဒဏ်ရာရ သံဃာတော်များနှင့် ပြည်သူများကို သွားရောက်ကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ (နိုဝင်ဘာလ ၂၉) ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က တွေ့ရစဉ်

No comments:

Post a Comment