Tuesday, November 6, 2012

၁၉၈၂ နိုင်ငံသားဥပဒေ ပယ်ဖျက်ပြီး အသစ်ရေးဆွဲမည့်အဆို မအောင်မြင်၊ မှတ်တမ်းအဖြစ်သာ ထားရှိ

ယနေ့ (နိုဝင်ဘာလ ၆ရက်နေ့) တွင် ပြုလုပ်သည့် အမျိုးသား လွှတ်တော်
အစည်းအဝေးတွင် မြန်မာနိုင်ငံသား ဥပဒေကို အသစ်ရေးဆွဲ ပြဌာန်းပြီး လက်ရှိ
မြန်မာနိုင်ငံသား ဥပဒေ ၁၉၈၂ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် (၄) အား
ပယ်ဖျက်သင့်ကြောင်း အဆိုအား လွှတ်တော် ကိုယ်စားလှယ်(၁၀)ဦးက
ဆွေးနွေးခြင်း။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း
ဆွေးနွေးခြင်း။ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် ဆောင်ရွက်ခဲ့သည်။

ယင်းအစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက အထောက် အထား
အချက်အလက် ခိုင်လုံစွာဖြင့် ၁၉၈၂ ခုနှစ်ဥပဒေအား ပယ်ဖျက် ခြင်း မပြုဘဲ
ပိုမိုခိုင်မာစေရန်သာ တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း၊ ပြည်သူ့ဆန္ဒ ခံယူသင့်ကြောင်း၊ ကန့်ကွက်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးဦးခင်ရီကလည်း ပယ်ဖျက်ခြင်း မပြုသင့်ကြောင်း၊ ပြည်သူလူထုထံတင်ပြပြီး ရေးဆွဲခဲ့သော ဥပဒေဖြစ်ကြောင်း သမိုင်းအထောက်အထားများနှင့် ပြန်လည်ရှင်းလင်း တင်ပြခဲ့သည်။

နောက်ဆုံးတွင် ကန့်ကွက်သူများနေ၍ ယင်းအဆိုကို မှတ်တမ်းအဖြစ်သာ
ထားရှိမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment