မောင်တော – (၁၅ – ၁၁ -၂၀၁၂)
ယမန်နေ့က မောင်တောဒေသခံများမှတဆင့် ၀င်လာပါတယ်။
ယခင်သီတင်းပါတ်အတွင်းက ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် အကြမ်းဖက်သူတချို့ လက်နက်များ အသုံးပြုပစ်ခတ်၍ တပ်မတော်အင်ဂျင်နီယာ GE တပ်မှ တပ်မတော်သားနှင့် အလုပ်သမားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ယင်းကဲ့သို့ အကြမ်းဖက်သမားများရဲ့ အန္တရာယ်ပေးမှုကြောင့် ပျက်စီးသွားတဲ့ နယ်စပ်ဒေသအား ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်
များ
လုပ်ဆောင်နေသူ တပ်မတော်သားများနှင့် လုပ်သားများအား ရုတ်တရက် ရှောင်တခင်
ဝင်ရောက်၍ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီး ခေါ်ဆောင်သွားတဲ့သူတွေကို သက်ဆိုင်ရာမှ
ယခုအခါ ဖမ်းဆီး ထိန်းသိမ်းလိုက်နိုင်ပါပြီ။
ဖမ်းဆီးထိန်းသိမ်းလိုက်ပုံကတော့
ယင်းအကြမ်းဖက်ပြန်ပေးဆွဲမှုကြီး ပေါ်ပေါက်ပြီးနောက် တာဝန်ကျ တပ်မတော်
စစ်ကြောင်းမှ နယ်စပ်ဒေသတလျှောက် လက်နက်ကိုင် အကြမ်းဖက်သမားများအား ခြေရာခံ၍
လိုက်လံရှာဖွေသုတ်သင်ကြခြင်းကြောင့် အကြမ်းဖက်သမားများမှာ ပြေးလမ်းမရှိဘဲ ချောင်ပိတ်ကာ ဖမ်းမိခဲ့ခြင်း ဖြစ်ပါတယ်။
ချောင်ပိတ်မိ၍ အဖမ်းခံလိုက်ရသော အကြမ်းဖက်သမားတွေဟာ တာလီဘန်တွေလို အင်္ကျီတွေဝတ်၊ မျက်နှာအုပ်ပြီး ခေါင်းပေါင်းပေါင်းထားပါတယ်။
သူတို့ဟာ ပြန်လည်ခုခံနေရင်း လက်ရဖမ်းမိတာကြောင့် မျက်နှာအုပ်တွေကို ဖယ်ရှားလိုက်တဲ့အခါ ရခိုင်လူမျိုးတွေရဲ့မျက်နှာတွေနဲ့
ရခိုင်စကားပြောနေသူတွေ ဖြစ်တာကြောင့် တပ်မတော်တာဝန်ရှိသူများက
စစ်ဆေးတဲ့အခါ (ရခိုင့်တပ်မတော်) ALP တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း
ထွက်ဆိုကြပါတယ်။
ယခုအခါ အဆိုပါ လက်နက်ကိုင် အကြမ်းဖက်သမား ရခိုင်အစွန်းရောက်တွေကို ဖမ်းမိရာ နယ်စပ်စခန်းများမှတဆင့် မောင်တောမြို့သို့လည်းကောင်း၊ မောင်တောမှတဆင့် စစ်တွေမြို့သို့လည်းကောင်း သက်ဆိုင်ရာမှ အဆင့်ဆင့် လွှဲပြောင်းခေါ်ယူသွားကြောင်း သတင်းရရှိပါတယ်။
ယခု နောက်ဆုံး ကြားသိရတာကတော့ အဆိုပါ လက်နက်ကိုင် စစ်သွေးကြွ ရခိုင်အစွန်းရောက် ဆယ်ဦးထက်မနည်းအား စစ်တွေထောင်သို့ ရောက်ရှိသွားပြီဖြစ်ပြီး လိုအပ်သည့် စစ်ဆေးမှုများအား ပြုလုပ်နေပြီဖြစ်ကြောင်းနဲ့ နောက်ကွယ်မှ ဆူပူမှုဖြစ်ရန် ကြိုးကိုင်စည်းရုံး လှုပ်ရှားနေသူများအား မကြာခင် ဖော်ထုတ်နိုင်ပြီး အရေးယူမှုများအား ဆက်လက်၍ ပြုလုပ်ကာ ဒေသအား အမြန်ဆုံး ပြန်လည် ငြိမ်းချမ်းစေတော့မည်ဟု ဒေသခံများမှ ထင်ကြေးပေး ပြောဆိုနေကြပါတယ်။
ယခုလို အကြမ်းဖက်မှု ဖြစ်စဉ်ပေါ်ပေါ်လာတဲ့အပေါ် သုံးသပ်သူအချို့ကတော့ ALP ပါတီဟာ မည်သည့်ကာလတွင်းကမျှ မရှိခဲ့ဘူးသော လူမျိုးတုံး အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုများအား ရှောင်လွှဲလိုခြင်းမျိုးလဲဖြစ်နိုင်သလို၊
မကြာမီ မြန်မာပြည်သို့ ရောက်ရှိလာမည့် အမေရိကန်သမ္မတ အိုဘားမား၏
ခရီးစဉ်အတွင်း မြန်မာပြည်တွင် အယ်လ်ကိုင်ဒါကဲ့သို့သော
အစ္စလာမ့်တပ်ဖွဲ့များရှိနေဟန် ထင်ယောင်ထင်မှားဖြစ်စေပြီး မိမိတို့
လူမျိုးတုံးသတ်ဖြတ်မှုမျာအား ကမ္ဘာမှ ထောက်ခံမှုများ ရှိလာစေရန်အတွက်
စိတ်ကူးယဉ်ဆန်ဆန် ဟန်ဆောင်ပုံဖော်လိုက်ခြင်းပင် ဖြစ်ကြောင်း
သုံးသပ်နေကြပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လုံခြုံရေးဆိုင်ရာ အာဏာပိုင်များမှ မိမိတို့နိုင်ငံအတွင်းနှင့် နယ်စပ်တလျှောက်တွင် အယ်လ်ကိုင်ဒါနှင့် RSO ဟု ပြောဆိုသော လက်နက်ကိုင်တပ်ဖွဲ့ဆိုသည်များ လုံးဝ မရှိပါကြောင်း အတိအလင်း ကြေငြာသွားခဲ့ပြီးဖြစ်ပါတယ်။
ပြည်တွင်းမှ ရိုဟင်ဂျာလူမျိုးများသည်လည်း ပြည်ပနှင့် ချိတ်ဆက်နိုင်ခြင်းမရှိသကဲ့သို့ ၊
ယင်းတို့၏ မိမိကိုယ်ကို ကာကွယ်ရန်အတွက်ပင် လုံခြုံသော လက်နက်များအား
ကိုင်ဆောင်ခြင်းများ မပြုလုပ်နိုင်ခဲ့ခြင်းကြောင့် အစုလိုက်အပြုံလိုက်
သတ်ဖြတ် ခံနေရတယ်လို့ နိုင်ငံတကာ လေ့လာ သုံးသပ်သူများက ပြောဆိုနေကြပါတယ်။
လွန်ခဲ့တဲ့ လအတွင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ပိုက်ဆိပ်ရွာ၌ စစ်တပ်ပုံစံ ၀တ်ဆင်ထားသော အမည်မသိ လက်နက်ကိုင်များမှ ရွာထဲတွင် အကြမ်းဖက်မှု ကျူးလွန်နေကြသော ရခိုင်တိုင်းရင်းသားများအား ရွာပြင်သို့ ထွက်ပေးကြရန် ကြိုတင်ကြေငြာခဲ့ပြီးနောက် ရခိုင်တိုင်းရင်းသားများ ထွက်ခွါပေးသောအခါ ရွာတွင်း၌ ရှိနေသော အစ္စလာမ်ဘာသာဝင်များအား အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့သော ဖြစ်ရပ်များကိုလည်း ကမ္ဘာ့လူ့အသိုင်းအ၀န်းမှ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
ဦးသိန်းစိန်အစိုးရမှ ယင်းရခိုင်ကိစ္စအား အလွဲအမှားများဖြင့် ဖော်ပြနေခြင်း၊ ခြိမ်းခြောက်ခြင်းများအား ငြိမ်းချမ်းရေး လိုလားသော ပြည်သူ များမှထောက် ပြဆွေးနွေးလာခြင်းအပေါ် နိုင်ငံတော်၏ သတင်းထုတ်ပြန်ရေးအဖွဲ့သစ်အား ဖွဲ့စည်းပေးခဲ့ရပါတယ်။
ယခင်က နိုင်ငံတော်၏ ပြန်ကြားရေးအထူးအာဏာရပုဂ္ဂိုလ်တစ်ဦးသဖွယ်
သမ္မတ၏ ပြန်ကြားချက်များအား ထုတ်ပြန်ပေးနေသူ ဗိုလ်မှူးဇော်ဌေးဆိုသူမှာ
အကြိမ်ကြိမ် သတင်းမှားများကို ၀ါဒဖြန့် ချဲ့ကား လိမ်ညာ ဖြန့်ဝေခဲ့ကာ
ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများအား ကြီးထွားစေခဲ့သူဟု လူအများက ယူဆနေကြပါကြောင်း
တင်ပြလိုက်ရပါတယ်။
ယမန်နေ့က မောင်တောဒေသခံများမှတဆင့် ၀င်လာပါတယ်။
ယခင်သီတင်းပါတ်အတွင်းက ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် အကြမ်းဖက်သူတချို့ လက်နက်များ အသုံးပြုပစ်ခတ်၍ တပ်မတော်အင်ဂျင်နီယာ GE တပ်မှ တပ်မတော်သားနှင့် အလုပ်သမားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ယင်းကဲ့သို့ အကြမ်းဖက်သမားများရဲ့ အန္တရာယ်ပေးမှုကြောင့် ပျက်စီးသွားတဲ့ နယ်စပ်ဒေသအား ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်
ဖမ်းဆီးထိန်းသိမ်းလိုက်ပုံကတော့
ချောင်ပိတ်မိ၍ အဖမ်းခံလိုက်ရသော အကြမ်းဖက်သမားတွေဟာ တာလီဘန်တွေလို အင်္ကျီတွေဝတ်၊ မျက်နှာအုပ်ပြီး ခေါင်းပေါင်းပေါင်းထားပါတယ်။
သူတို့ဟာ ပြန်လည်ခုခံနေရင်း လက်ရဖမ်းမိတာကြောင့် မျက်နှာအုပ်တွေကို ဖယ်ရှားလိုက်တဲ့အခါ ရခိုင်လူမျိုးတွေရဲ့မျက်နှာတွေန
ယခုအခါ အဆိုပါ လက်နက်ကိုင် အကြမ်းဖက်သမား ရခိုင်အစွန်းရောက်တွေကို ဖမ်းမိရာ နယ်စပ်စခန်းများမှတဆင့် မောင်တောမြို့သို့လည်းကောင်း၊ မောင်တောမှတဆင့် စစ်တွေမြို့သို့လည်းကောင်း သက်ဆိုင်ရာမှ အဆင့်ဆင့် လွှဲပြောင်းခေါ်ယူသွားကြောင်း သတင်းရရှိပါတယ်။
ယခု နောက်ဆုံး ကြားသိရတာကတော့ အဆိုပါ လက်နက်ကိုင် စစ်သွေးကြွ ရခိုင်အစွန်းရောက် ဆယ်ဦးထက်မနည်းအား စစ်တွေထောင်သို့ ရောက်ရှိသွားပြီဖြစ်ပြီး လိုအပ်သည့် စစ်ဆေးမှုများအား ပြုလုပ်နေပြီဖြစ်ကြောင်းနဲ့ နောက်ကွယ်မှ ဆူပူမှုဖြစ်ရန် ကြိုးကိုင်စည်းရုံး လှုပ်ရှားနေသူများအား မကြာခင် ဖော်ထုတ်နိုင်ပြီး အရေးယူမှုများအား ဆက်လက်၍ ပြုလုပ်ကာ ဒေသအား အမြန်ဆုံး ပြန်လည် ငြိမ်းချမ်းစေတော့မည်ဟု ဒေသခံများမှ ထင်ကြေးပေး ပြောဆိုနေကြပါတယ်။
ယခုလို အကြမ်းဖက်မှု ဖြစ်စဉ်ပေါ်ပေါ်လာတဲ့အပေါ် သုံးသပ်သူအချို့ကတော့ ALP ပါတီဟာ မည်သည့်ကာလတွင်းကမျှ မရှိခဲ့ဘူးသော လူမျိုးတုံး အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုများအား ရှောင်လွှဲလိုခြင်းမျိုးလဲဖြစ်နိ
လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လုံခြုံရေးဆိုင်ရာ အာဏာပိုင်များမှ မိမိတို့နိုင်ငံအတွင်းနှင့် နယ်စပ်တလျှောက်တွင် အယ်လ်ကိုင်ဒါနှင့် RSO ဟု ပြောဆိုသော လက်နက်ကိုင်တပ်ဖွဲ့ဆိုသည်များ လုံးဝ မရှိပါကြောင်း အတိအလင်း ကြေငြာသွားခဲ့ပြီးဖြစ်ပါတယ်။
ပြည်တွင်းမှ ရိုဟင်ဂျာလူမျိုးများသည်လည်း ပြည်ပနှင့် ချိတ်ဆက်နိုင်ခြင်းမရှိသကဲ့သို့
လွန်ခဲ့တဲ့ လအတွင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ပိုက်ဆိပ်ရွာ၌ စစ်တပ်ပုံစံ ၀တ်ဆင်ထားသော အမည်မသိ လက်နက်ကိုင်များမှ ရွာထဲတွင် အကြမ်းဖက်မှု ကျူးလွန်နေကြသော ရခိုင်တိုင်းရင်းသားများအား ရွာပြင်သို့ ထွက်ပေးကြရန် ကြိုတင်ကြေငြာခဲ့ပြီးနောက် ရခိုင်တိုင်းရင်းသားများ ထွက်ခွါပေးသောအခါ ရွာတွင်း၌ ရှိနေသော အစ္စလာမ်ဘာသာဝင်များအား အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့သော ဖြစ်ရပ်များကိုလည်း ကမ္ဘာ့လူ့အသိုင်းအ၀န်းမှ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
ဦးသိန်းစိန်အစိုးရမှ ယင်းရခိုင်ကိစ္စအား အလွဲအမှားများဖြင့် ဖော်ပြနေခြင်း၊ ခြိမ်းခြောက်ခြင်းများအား ငြိမ်းချမ်းရေး လိုလားသော ပြည်သူ များမှထောက် ပြဆွေးနွေးလာခြင်းအပေါ် နိုင်ငံတော်၏ သတင်းထုတ်ပြန်ရေးအဖွဲ့သစ်အား ဖွဲ့စည်းပေးခဲ့ရပါတယ်။
ယခင်က နိုင်ငံတော်၏ ပြန်ကြားရေးအထူးအာဏာရပုဂ္ဂိုလ်တစ

No comments:
Post a Comment